ခန္တီး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ခန္တီးမြို့မ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လုပ်ရှားမှုဆောင်ရွက်ခြင်းကို အသက် ခြောက်လမှ ငါးနှစ်ထိကလေးများကို Vitamin A တိုက်ကျွေးခြင်းနှင့် အသက်နှစ်နှစ်မှ ငါးနှစ် ကလေးများကို သံချဆေးတိုက် ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းလျက် ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁၄ ရက်နေ့တွင် ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် နာဂရိုးရာကွင်းတွင် ဆက်လက် တိုက်ကျွေးမည်ဖြစ်ကြောင်းနှင့် ယမန်နေ့က ပေါမိုင်းရပ်ကွက် မြို့နယ်ပြည်သူ့ အားကစားရုံတွင် ကလေး ၂၂၈ ဦးကို Vitamin A နှင့် သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင် (ခန္တီး)