ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဟားခါး   သြဂုတ်  ၇

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ခြံအတွင်း စပျစ်၊ လက်ဖက်၊ စတော်ဘယ်ရီ၊ အစေ့ထုတ်ပြောင်း၊ ပိုးစာပင်နှင့် မီးဖိုချောင်သုံး သီးနှံများ စိုက်ပျိုးမှုအခြေအနေ၊ Green House ဖြင့် လိမ္မော်ပင်၊ ထောပတ်ပင်၊ မျောက်ငိုပင်နှင့် ကော်ဖီပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေ၊ တောင်သူများသို့ ပျိုးပင်များ ဖြန့်ဝေပေးရန်စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးတို့က  ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး၊ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ ရောင်းဝယ်မှုအခက်အခဲမရှိစေ ရေး ကူညီဆောင်ရွက်ပေးရန်နှင့် ပျိုးပင်များအား စိုက်ပျိုးရာသီအမီ တောင်သူများထံ ဖြန့်ဝေပေးရန် မှာကြားခဲ့ကြောင်းသိရသည်။         

ခရိုင်(ပြန်/ဆက် )