မယ်စဲ့ ဩဂုတ် ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့များဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့က သာယာကျေးရွာသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူခဲ့ကြောင်း သိရ သည်။
ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာစဉ် ဝေးလံခေါင်ပါးသည့် သာယာကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူ များအတွက် ဖြည့်စွက်ခြင်း၊ ပယ်ပျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ အလားတူ အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကိုလည်း ပြုလုပ်ပေးခဲ့ရာ အသက် (၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်၊ ပျောက်ဆုံး၊ ပျက်စီး၊ အသစ်လျှောက်ထားသူ၊ လဲလှယ်သူ စုစုပေါင်း (၃၇)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ် ခဲ့ပြီး အိမ်ထောင်ဇယား လျှောက်ထားသူ၊ အသစ်ပြုလုပ်သူ၊ ပျောက်ဆုံး၊ မွေးတိုး ပြုလုပ်သူ (၁၄)ဦး တို့ကိုလည်း ဆောင်ရွက် ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)