ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ရှားတော၊ သြဂုတ် ၁၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရှားတောမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက် အတွင်း အချိန်မီမဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်တွင် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရေွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်နှင့် အဖွဲ့က တင်လွယ်ကျေးရွာ၊ နားကျိုင်းလေးကျေးရွာတို့တွင် လည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ်နှင့် အဖွဲ့က အလယ်ပိုင်းရပ်ကွက်တွင် လည်းကောင်း၊ တောင်ပိုင်း ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးတူးရယ်နှင့်မဖွဲ့က တောင်ပိုင်းရပ်ကွက်တွင် လည်းကောင်း ကွင်းဆင်း၍ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ ကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ရပ်/ကျေးစာရေးများ ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်း များတွင် အိမ်ထောင်စုလူဦးရေ စာရင်း မှန်ကန်မှုရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါအချက်အလက်မှန်ကန်မှုရှိ/မရှိ၊ မဲစာရင်း၌ အမည်(သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များမှားယွင်းမှုရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုရှိ/ မရှိ စစ်ဆေးကာ မဲစာရင်းလာရောက်ကြည့်ရှုမှုမရှိသော ပြည်သူများကို အိမ်တိုင်ရာရောက် ကွင်းဆင်း၍ တိုက်ဆိုင် ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါကပုံစံ()၊ ပုံစံ()၊ ပုံစံ(-)တွင် ဖြည့်စွက်၍ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)