လဟယ်မြို့ မြို့နယ်စည်ပင် ယာယီအခွန်မဲ့ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးဆောင်ရွက်

လဟယ်  သြဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ယနေ့နံနက်တွင် မြို့နယ် စည်ပင် ယာယီအခွန်မဲ့ဈေးအတွင်း အရေးပေါ် ဝင်ရောက် စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ထိုသို့ ကိုဗစ်-၁၉ အရေးပေါ် ဝင်ရောက်စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များမှ ဝင်ရောက် စစ်ဆေးခဲ့ကြောင်းနှင့် ယာယီဈေးတွင် ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးဌာနနှင့် မြို့နယ်စည်ပင်တို့မှ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ပါမင်းလှိုင်(ပြန်/ဆက်)