ဘောလခဲ သြဂုတ် ၁၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ၌ ဘောလခဲ မြို့နယ်အတွင်း ကေျးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက် အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေ ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း စစ်ဆေးခြင်းကို သြဂုတ်(၈)ရက်မှ (၁၁)ရက်နေ့အထိ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မိုင်းထမ်းကျေးရွာအုပ်စု၊ ချိကွဲ့ ကျေးရွာအာပ်စု၊ ဟော်ခမ်းကျေးရွာအုပ်စု၊ နန်းဖဲ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်/ကျေး စာရေးများက ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်း များတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှန်ကန်မှုရှိ /မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက်အလက်မှန်ကန်မှု ရှိ/မရှိ၊ မဲစာရင်း၌ အမည်(သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်း သည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုရှိ/မရှိ စစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်ပြီး ရပ်/ကျေး ကော်မရှင်ဖွဲ့ခွဲသို့ အချိန်မီပေးပြီး ပြင်ဆင်နိုင်ရေးဖြစ်ကြောင်း သိရှိရသည်။
ဖိုးရယ်