ရွာသစ် ဩဂုတ် ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် သတ်မှတ် စံချိန် စံညွှန်းနှင့် ကိုက်ညီသည့် (A) အဆင့်မှီ ရရှိသော အခြေခံပညာ အထက်တန်းကျောင်းအား ယနေ့ နံနက်ပိုင်းက ပြည်နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်း၌ COVID-19 ကာလအတွင်း စီစဉ် ဆောင်ရွက်ထားမှု အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဒေါက်တာတင်ဝမ်း၊ ဘောလခဲခရိုင်မှစီမံကိန်းများ ကြီးကြပ် အကဲဖြတ်အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ရွာသစ် တိုက်နယ်ဆေးရုံ ဒေါက်တာ ပြည့်စုံနှင့် တာဝန်ရှိသူများက ရွာသစ်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ COVID-19 ရောဂါကာကွယ် တားဆီးရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ အကြံပြု လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေေ အေး(ပြန်/ဆက်)