တွန်းဇံ၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး

တွန်းဇံ  ဩဂုတ်  ၁၀

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာတွင် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ တွန်းဇံမြို့နယ်ဦးစီးမှူး ဦးဆန်ထန်ခါရ်နှင့် ဝန်ထမ်းများသည် တုန်းတွောင်ကျေးရွာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ တုန်းတွောင်ကျေးရွာတွင် အသက်(၁၈)နှစ်ပြည့်ပြီး အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီး (၁၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆွောင်းပက်အုပ်စု၊ ခွမ်နွဲကျေးရွာနှင့် ခေါဘဲပ်းအုပ်စု၊ တွီးခိန်ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရှိန်း(ပြန်ဆက်)