လဟယ် သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်းလမ်းဖြစ်သော တာလံရပ်ကွက်၊ မာလာတောင် အားကစားခန်းမကွင်း၌ ကတ္တရာလမ်း ပျက်စီးနေမှုများအား ကျောက်ခင်းခြင်းနှင့် သဲများဖြန်းခြင်း လုပ်ငန်းကို မြို့နယ် စည်ပင် သာယာမှ ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ပျက်စီးနေသည့် ကတ္တရာလမ်းမှာ (၁၅၀)ပေဖြစ်ပြီး စက်ယန္တရားများဖြင့်ကြိတ်၍ ကျောက်ခင်းခြင်းနှင့် သဲများဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးညီညီထွေး၏ ပြောကြားချက်အရ သိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)