“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲပြုလုပ်

ဟိုပန်      ဩဂုတ်   ၁၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာ၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၄)ဧကတွင် ပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချိုလေးတို့က မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေး အပ်ခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးလာစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာစေရန်နှင့် COVID-19 ကြောင့် ဒေသတွင်း မျိုးစေ့အခက်အခဲမရှိစေရန် CREP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက် လျက်ရှိသည်။

စိုက်ပျိုးမှုအနေဖြင့် ဟိုပန်ခရိုင်မှ ဧက(၃၀)၊ မြို့နယ်မှဧက(၃၀)၊ ပန်လုံမြို့မှ(၁၀)ဧက၊ စုစုပေါင်း ဧက(၇၀)ကို ဆင်းဧကရီမျိုးစပါး ဧက(၂၀)၊(၅၀၂) မျိုးစပါး ဧက(၅၀)မျိုးစေ့ ထုတ်စိုက်ပျိုးထား ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်