ကန်ပက်လက် သြဂုတ် ၁၀
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် အသက် (၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ တိုက်ကျွေးရာတွင် ကလေးများနှင့် မိဘအုပ်ထိန်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်စေပြီး အသက်(၅)နှစ်အောက် ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဗီတာမင်(A)နှင့် သန်ချဆေးကို တိုက်ကျွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိရိမ် (ပြန်/ဆက်)