တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

တွန်းဇံ မေ ၃၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့ရှိပြည်သူများ  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် နာရီ အချိန်မှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချိုလင်းအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွန်းဇံမြို့ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီး Mask (၅၀၀)ခုဖြင့် Mask Campaignကို ပြုလုပ်ခဲ့ကြသည်။ လက်ရှိတွင် တွန်းဇံမြို့ပေါ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ များပြားလာသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာနကလည်း အမိန့်အမှတ် (၁၁၆/၂၀၂၁)ဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်းကြောင်း ထုတ်ပြန် ကြေညာပြီး ဖြစ်သော်လည်း မြို့ပေါ်ရှိ ပြည်သူများသည် စားဝတ်နေရေး အခြေအနေအရ သွားလာလှုပ်ရှား လျက်ရှိသည်။

သွားလာလှုပ်ရှားနေသော ပြည်သူများအား မဖြစ်အနေ Mask တပ်ဆင်စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်စေရေးအတွက် အသိပညာပေးခြင်းဖြင့် Mask Campaignကိုပြုလုပ်ခဲ့ကြသည်။

(၃၀-၅-၂၀၂၁) ရက်နေ့နှင့် (၃၁-၅-၂၀၂၁)ရက်နေ့အထိ Mask Campaign ပြုလုပ်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများကို ဒဏ်ရိုက်စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)