မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ မေ ၂၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း ယာယီခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုလင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ကြားရမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)