နန်းယွန်း သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာ တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ ဟာဝါးကျေးရွာ တွင်Cash For Work စီမံကိန်းလုပ်ငန်း(၄)ခုအနက် တတိယမြောက်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် သည့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာကော်မတီဝင်များ၊ မြို့နယ် ကျေးလက်ဒေသဝန်ထမ်းများက သြဂုတ် ၄ ရက်နေ့မှ စတင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဟာဝါးကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းသည် ပေပေါင်း(၁၀၀၀)ပေရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းဖြစ်၍ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေ ပြည်သူများအလွယ်တကူ သောက်သုံးရန် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဟန်ကမ်း ( ပြန်/ဆက် )