ခန္တီး သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်ရေး နှင့် အနံ့အသက်ပျောက်ကင်း၍ ပိုးလောက်လန်းများ မရှိစေရန်အတွက် ခန္တီးမြို့ စည်ပင် သာယာ ရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ခရိုင်/ မြို့နယ် လူငယ်ရေးရာ ကော်မတီ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ တွင် မြောင်းရှင်းလင်းခြင်း နှင့် ဆေးခတ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ပြီးခဲ့သည့်လများအတွင်း မြို့တွင်း၌ ရေ (၂) ကြိမ် ရေဝင်ရောက်ခဲ့ခြင်း၊ ကိုင်းချုံများ ရှိခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတို့ ကြောင့် ရေမြောင်းများတွင် အမှိုက်ပိတ်ဆို့နေကာ အနံ့အသက်များ ဖြစ်နေသဖြင့် စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ခရိုင်/မြို့နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ မြောင်းရှင်းလင်းခြင်းနှင့် ဆေးခတ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
'' မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းရှင်းလင်းခြင်းနှင့် ဆေးခတ်ခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင် ကူညီကြသူအားလုံးကို မြို့နေပြည်သူလူထုကိုယ်စား မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အထူးကျေးဇူးတင်ရှိပါတယ်။ အများပြည်သူများအနေဖြင့် အဓိကရေမြောင်း အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်'' ဟု စည်ပင် သာယာရေးကော်မတီ၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အမ်းအင်းလမ်း (ပြန် /ဆက်)