တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၁၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်  ဇန်နဝါရီ 

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုလတ်တလောအချိန်တွင် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦး ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း တီးတိန်မြို့ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ  သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးတစ်ဦး ယနေ့နံနက် နာရီခန့်က ရောက်ရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)