မင်းတပ် ဇန်နဝါရီ ၂၀
ချင်းပြည်နယ် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ၂၀၂၁-၂၀၂၂ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် မင်းတပ်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးနှင့် မင်းတပ်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဉက္ကဋ္ဌတို့က မင်းတပ်မြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လုပ်ငန်း စီမံကိန်း ရေးဆွဲတင်ပြထားမှုနှင့် တ်သက်၍ Power Point ဖြင့် ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ မင်းတပ်မြို့ရှိ ဌာနဆိုင်ရာ အသီးသီးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် လုပ်ငန်းအဆိုပြု လျာထားချက်များကို ရှင်းလင်းတင်ပြကြသည်။
မင်းတပ်မြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ဘတ်ဂျက်လျာထားငွေမှာ ၁၈၀၅၆.၆၀၂ ကျပ်သန်းဖြစ်ပြီး လုပ်ငန်းအရေအတွက်မှာ ၁၄၉ခုဖြစ်ပြီး ပြည်နယ် ငွေလုံးငွေရင်း ဘတ်ဂျက်လျာ ထားငွေမှာ ၃၃၉၃၉.၂၅၁ ကျပ်သန်းဖြစ်ပြီး လုပ်ငန်းအရေအတွက်မှာ ၃၆၈ ခုဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)