လဟယ် အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် လဟယ်မြို့အမျိုးသမီးသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်ပခဲ့ကြောင်းသိရသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးထွန်းထွန်း၀င်းက သင်တန်းအဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နာဂဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတာ၀န်ခံဦးထိုက်တန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပါသည်။
အဆိုပါသင်တန်းကို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစု၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ကျေးလက်နေပြည်သူများရဲ့ လူမှုဘ၀စီးပွါးတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် အလုပ်အကိုင်များလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် မိသားစု၀င်ငွေတိုးပွါးရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လာနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး အသေးစားလုပ်ငန်းများထူထောင်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းကို အခြေခံ/(၁၅)ရက်အဆင့်မြင့်(၁၅)ရက် စုစုပေါင်း(၁)လတာ သင်တန်းသူ(၁၀)ဦးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီးပြီး သင်တန်းတွင် ထူးချွန်သူ(၄)ဦးကို ရွှေးချယ်ပြီး တန်ဖိုးငွေ(၁၂၅၀၀၀၀)ကျပ်နဲ့ညီမျှသော ဒေသဖွံ့ဖြိုးရေးပစ္စည်းများ ထောက်ပံ့မည့်အပြင် ငွေကျပ်(၂)သိန်းနှင့်ညီမျှသောလုပ်ငန်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ အသေးစားစက်မှုလက်မှာလုပ်ငန်းဦးစီးဌာနမှ ဒေသတာ၀န်ခံဦးထိုက်တန်နှင့်ရုံး၀န်ထမ်းများ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်ဆက်)