ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်တွင် ​မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း​ကောက်ယူ​ရေးအဖွဲ့ (Working Group) များမှ အိမ်​ထောင်စုလူဦး​​ရေစာရင်း ​မြေပြင်ကွင်းဆင်း​ကောက်ယူ

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း​ကောက်ယူ​ရေးအဖွဲ့ (Working Group)များမှ ​အိမ်​ထောင်စုလူဦး​ရေစာရင်း ​မြေပြင်ကွင်းဆင်း​ကောက်ယူခြင်းကို ယ​နေ့နံနက်ပိုင်းမှစတင်၍ ​တောင်ပိုင်းရပ်ကွက်နှင့်​မြောက်ပိုင်းရပ်ကွက်အတွင်း ​ကောက်ယူခဲ့ရာ ​မြို့နယ်​မြေပြင်ကွင်းဆင်းကောက်ယူ​ရေးကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်လှစ်

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီ၀င်များ၊ သင်တန်းဆရာများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့်ကာယ၊ ဉာဏ ထူးချွန်ဆုများ​ပေးအပ်ချီးမြှင့်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့် ကာယဉာဏထူးချွန်ဆုများ​ပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့က ဝမ်​အောင်းကယား​ကျေးရွာအ​ခြေခံပညာအလယ်တန်း​ကျောင်း​ရှေ့၌ ကျင်းပခဲ့သည်။

လွိုင်ကော်​​မြို့၌ သန့်ရှင်းလတ်ဆတ်သည့် အသားငါးများ စားသုံးနိုင်​ရေး​ ​ကွင်းဆင်းစစ်ဆေး

ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ငါးလုပ်ငန်းဦးစီးဌာန၊ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့သည် စားသုံးသူတို့၏ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိမရှိကို ဇန်နဝါရီလ ယမန်နေ့ နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည််။

ဘောလခဲမြို့ အထကကျောင်း၌၂၀၂၂-၂၀၂၃ ခုနှစ်   ပညာရေးစုံညီပွဲတော်ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပသည်။

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်စားသုံးသူရေးရာကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်း​ပေါင်းစုံမှ ​ထက်၊ လယ်၊ မူအဆင့် ကျောင်းသား၊​ ကျောင်းသူများအား ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ပြည့်ဝ​စေရန်အတွက် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနှင့်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြုလုပ်သည့်​ မူလတန်းဆင့်​ဆေး​ရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆု​ပေးပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ (ကျောက်သားရင်ပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်