လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား ၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးမိသားစုတို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်း လွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပပြု လုပ်ခဲ့သည်။