ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။