ကယားပြည်နယ်

လွိုင်ကော်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့် ဆီ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့်တို့၌  တာဝန်ထမ်းဆောင် နေသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ချိန် ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုယနေ့ မတ်လ ၈ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော် ၊ ဘောလခဲ၊ ဖားဆောင်း ၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အ.ထ.က(ဘောလခဲ)စာစစ်ဌာန၌ ကျောင်းသား/သူများ စာဖြေဆိုနေမှုအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၃ ခုနှစ် အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) စာစစ်ဌာန၏ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာစတင်​ဖြေဆို

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ(ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ(ပထမ)နေ့စတင်ဖြေဆို

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က (မယ်စဲ့)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ (ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက်​ ထောက်ပံ့​ငွေ​ပေးအပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက် ​ထောက်ပံ့​ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်​နေ့ည​နေပိုင်းက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။
Subscribe to ကယားပြည်နယ်