၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။