ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံငွေများပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဆန်၊ ဆီ စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း(၀၂း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။