ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့်စားသုံးဆီများပေးအပ် ၊ ဘောလုံးပွဲကြည့်စင် ပြုပြင်မွမ်းမံပြီးစီးမှု ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)သို့သွားရောက်ကာ သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ထပ်ဆောင်းထောက်ပံ့ငွေ၊ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။