ကယားပြည်နယ်ဝန်ကြီးချုပ် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ သို့ ကယားပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ အဆိုပါဖိုရမ်သို့ ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။