လွိုင်ကော် သြဂုတ် ၂၇
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ သို့ ကယားပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ အဆိုပါဖိုရမ်သို့ ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်နယ်ကိုယ်စားပြု သွားရောက်ကြမည်ဖြစ်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ ဖိုရမ်တက်ရောက်ရာမှ ရရှိလာသည့် ကောင်းမွန်သည့်အတွေ့အကြုံများကို ပြန်လည်မျှဝေပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက မဟာဗျူဟာဖိုရမ်သို့တက်ရောက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ သို့ တက်ရောက်မည့် အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအား ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)