ကယားပြည်နယ်

ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ရွာသစ်   ဩဂုတ်  ၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဩဂုတ်(၇)ရက် နံနက်(၁၀)နာရီက ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် အသိပညာ ပေးပြသခြင်း ဆောင်ရွက်သည်။

လွိုင်ကော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက လွိုင်ကော်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

လွိုင်ကော်တွင် CERP အစီအစဉ်ဖြင့် ရောင်းချပေးသော လယ်ယာသုံးစက်ပစ္စည်းများအား တောင်သူလက်ဝယ်သို့ပေးအပ်

CERPအစီအစဉ်ဖြင့် ရောင်းချပေးသော Sonalike(4WD)90HP ထွန်စက်ကြီး (၁၂)စီးနှင့် တွဲဖက်သုံး 6 disc poly disc  plough (၁၁) လက်အား တောင်သူလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဩဂုတ်လ ၆ ရက်နေ့ ၊နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာများမှ ဖော်ထုတ်သော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် သက်ဆိုင်ရာဌာနများတို့ မြို့နယ်စီမံကိန်း ရေးဆွဲရာ တွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရေး ကျေးရွာများမှ ဆွေးနွေးဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးအစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ဟိုဖကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်က ဟိုဖကျေးရွာခန်းမဆောင်၌ ကျင်းပသည်။

ဒီးမော့ဆိုတွင် ဆေးလိပ်ငွေ့ကင်းစင် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

​မယ်စဲ့မြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲစာရင်းလာရောက် ကြည့်ရှုရေးအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ​ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်