ရွာသစ် ဩဂုတ် ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် တိုက်နယ်ကျန်းမာရေးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မွေးကင်းစမှ အသက်တစ်နှစ်ခွဲ အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးများ ပြန်လည် ထိုးနှံပေးရာတွင် ရွာသစ်မြို့အတွင်းရှိ ကျန်းမာရေးဌာန (၁)ခု၊ ကျန်းမာရေးဌာန ခွဲ(၂)ခုနှင့် ကျန်းမာရေးဌာနခွဲ မရှိသည့် ကျေးရွာများတွင်ကလေးငယ်များ အတွက် ကာကွယ်ဆေး(၈)မျိုး၊ ကိုယ်ဝန် ဆောင်မိခင် များအတွက် ကာကွယ်ဆေး တစ်မျိုးကို နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ကလေးငယ် (၃၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးတို့အား ထိုးနှံ ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ကလေးငယ်အား Face Shield တပ်ဆင်ပေးထားကာ မိခင်များက ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ထားပြီး လက်ဆေးခြင်းနှင့် လူစုလူဝေး မဖြစ်စေရန် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ စနစ်တကျ နေရာသတ်မှတ်ခြင်း များ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နန်းဆွေေဆွေ အေး (ပြန်/ဆက်)