(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများဖွင့်ပွဲ အခမ်းအနားပြုလုပ်
မြန်မာနိုင်ငံရှိ ပြည်နယ်များတွင် သက်ဆိုင်ရာပြည်နယ်အလိုက် တိုင်းရင်းသားများ၏ ပြည်နယ်နေ့အခမ်းအနားများကို သတ်မှတ်ထားရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့သည် ကယားပြည်နယ်၏ (၇၃)နှစ်မြောက်ဖြစ်သည်။ အဆိုပါ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။