ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ပြည်သူနေအိမ်များ အတွက် ထောက်ပံ့သည့်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက် ကြသည်။