ကယားပြည်နယ် ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ ဖားဆောင်းမြို့ ရေဘေးသင့်အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်
ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေနှစ်မြှုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုဝင် များအတွက် ကယားပြည်နယ် ပရဟိတအသင်း(၁၉)ဖွဲ့မှ ပူးပေါင်း၍ ယမန်နေ့နေ့လည် (၁၂)နာရီတွင် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် လှူဒါန်းမှု လက်ခံရန်နေရာအဖြစ် ဖွင့်လှစ်ထားရှိသည့် နန်းဟူးကုန်းကျေးရွာ (မူလွန်)ကျောင်းတွင် အခြေစိုက်ထားရှိသည့် နေရာသို့ ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း ကူညီခဲ့ပါသည်။