ဘောလခဲမြို့နယ်တွင် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေ‌ထွေ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်

ဘောလခဲ ဩဂုတ် ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဌာနခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေ‌ထွေ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစားအ‌သောက်နှင့်‌ ဆေးဝါးကွပ်ကဲ‌ရေး ဦးစီးဌာန မှ စာပေဝါသနာရှင် ဦးရဲနိုင်ထွန်းက ဩဇာ၊ အာဏာ၊ အသပြာ၊ ပတ်ဝန်းကျင်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာဖို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ စာပေဝါသနာရှင် ဒေါ်တီးရှာ က စာမဖတ်သည့်သူသည် အတ္တသမားကို ဖြစ်စေ သည် ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့က အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဖိုးရယ်