ဖားဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက် နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၇)နာရီ အချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။