ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘေလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ စာ​ပေချစ်သူများစာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယ​​နေ့နံနက်(၁၁)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် ​​​​​​​​​မြို့​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့​​နံနက်(၈)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်​ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​​​​​​​​မြို့​​ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်း ရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ  ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက် မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် တောင်ယာများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေး

ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်ပွဲရှောင်ခေတ္တလက်ခံရေးဌာနဖြစ်သည့် ရတနာရန်နိုင် ဓမ္မာရုံ၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၊ ဗုဒ္ဓဓမ္မတောင်၌ တိုက်ပွဲရှောင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ယနေ့နံနက်ပိုင်းတွင် အခမဲ့စစ်ဆေးသည်။

မယ်စဲ့မြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်က မယ်ဆည်နမ် ကျေးရွာအုပ်စု၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်