မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

မယ်စဲ့ မေ ၂၇

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင်  မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်မှ ရွှေ့ပြောင်းလုပ်သားများ၊ အသက် ၁၈ နှစ်အထက် ပြည်သူများ၊ ကျောင်းနေပြင်ပ ကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အထက် တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူ ၃ ဦးအား ပထမအကြိမ် ထိုးနှံပေးခြင်း၊  အသက် ၁၈ နှစ်အထက် ဒုတိယအကြိမ် ထိုးနှံသူ ၆ ဦး၊ ကျောင်းနေပြင်ပ ကလေးငယ်များအား ပထမအကြိမ်နှင့် ဒုတိယအကြိမ်အဖြစ် ၁၅ ဦး၊ စုစုပေါင်း ၃၉ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)