ကယားပြည်နယ်

လွိုင်ကော်မြို့၌ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်း(Grade-5) မြို့နယ်အဆင့်သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ် ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ် ဖြေဆိုခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက် လာမှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်နေပြီး ကာကွယ်ဆေးထိုးရက်များ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့စာဖြေဌာန၌  ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ် ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုး တော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ်ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ပထမနေ့) ဘာသာရပ် ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ(ပထမနေ့) ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်