ကယားပြည်နယ်

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူများ နုတ်သိမ်းချိန် ဈေးကောင်းရရှိ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ဒေသတွင်း အားထားစိုက်ပျိုးသည့် ကြက်သွန်ဖြူများ ဈေးကောင်း ရရှိသောကြောင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေကြကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများမှသိရသည်။

မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကကြီးကြပ် ဆောင်ရွက်နေပြီး ကာကွယ်ဆေးထိုးရက်များ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့က ဟိုဂျစ်ကျေးရွာသို့ သွားရောက်ထိုးနှံပေးကြောင်း သိရသည်။

ဖားဆောင်းမြို့ ခဲမဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ကျောင်းသန့်ရှင်းစေရေး ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ခဲမဖြူကျေးရွာ ဒေသခံပြည်သူများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာ (အ-ထ-ကခွဲ) ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အနေကဇာတင်ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

သာသနာတော်နှစ် ၂၅၆၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များသို့ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူသည် မေ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က လွိုင်ကော် သစ်တောခရိုင် ရုံးဝန်းအတွင်းရှိ ဒီးမော့ဆို (ယာယီ) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၇၅,၅၀၀)ပင်၊ သစ်မျိုး (၁၆)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ကန္ဒရဝတီပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၁၀၁,၅၀၀)ပင်၊ သစ်မျိုး (၂၃)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနားနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီး မြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲကို လွိုင်ကော်မြို့  ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပ

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဘောလခဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြည်နယ်သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်