ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိှမ်းသတ်နည်း သရုပ်ပြ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာန များနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိှမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အသက် ၁၈နှစ်အထက် ဒေသခံပြည်သူများနှင့် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ က မြို့နယ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်)သို့ O2 40L အိုး လှူဒါန်းခြင်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်)သို့ O2 40L အိုး လှူဒါန်းခြင်း၊ တာဝန် ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွိုင်ကော် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောလခဲဒေသတွင် မကျီးသီးရောင်းဝယ်သူများဖြင့် အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိ

ကယားပြည်နယ်၏ဒုတိယခရိုင်မြို့ဖြစ်သော ဘောလခဲမြို့သည် ကျောက်တောင်၊ ကျောက်ကုန်းများ၏ အလယ်ချိုင့်ဝှမ်း တွင်တည်ရှိပြီး အပူရှိန်မြင့်မားသော မြို့တစ်မြို့ဖြင့် ရောက်ဖူးသူတိုင်း သိရှိကြသည်။ ရာသီဥတုအနေအထားအရ မြန်မာနိုင်ငံ၏အပူဆုံးမြို့ဖြစ်သော ရေနံချောင်း၊ချောက်၊ မကွေးတိုင်းဒေသနှင့်ယှဉ်ပြီး စံချိန်တင် မှတ်တမ်းဝင်သော မြို့လည်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဦးစားပေး ကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး ၊ အမျိုးသမီး များနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေး တို့တွင်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ထိရောက်စွာ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့တွင် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်ကြောင်း၊ ကမ္ဘာ တစ်ဝန်းလုံးရှိ သုတေသန အထောက်အထားများအရ ကျား၊ မ ရေးရာတန်း တူညီမျှမှု မရှိခြင်းကို လျော့ချနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ ယနေ့ကျရောက်သော အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှချမှတ်ပေးသည့် ဆောင်ပုဒ်မှာ “ စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊ မ တန်းတူညီမျှစို့” ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများနှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ကယားပြည်နယ် အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လွိုင်ကော် မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်တိန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပန်တိန်းကျေးရွာ (၁၀၀၄) နယ်ခြားစောင့်တပ် ခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ဇာတ်တိုက်လေ့ကျင့်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး(တောင်ဈေး)တွင် ပူပြင်းခြောက်သွေ့လာပြီး နွေရာသီကို ရောက်ရှိလာပြီဖြစ်၍ အပူချိန်မြင့်တက်လာခြင်းကြောင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဖားဆောင်းမြို့နယ်တွင် အသက် (၁၂) အထက်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက် (၁၂) အထက် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ဒုတိယ) အကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြောက်ပိုင်း ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် မော်ချီးဒေသ လွယ်ဗွာခိုကျေးရွာ (အလယ်တန်း) ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်