မယ်စဲ့ ဇွန် ၂၇
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မယ်စဲ့မြို့အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာမြင့်က ကျား၊ မအခြေပြု အကြမ်းဖက်မှုများ၊ အကြမ်းဖက်ခြင်း(၅)မျိုး၊ Gender-Based Violence ဖြစ်ပွားရသည့် အကြောင်းရင်းများကို ဆွေးနွေးခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုပတ်ဝန်းကျင်အတွင်း ကျား၊ မအခြေပြု အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိဒေါ်သန္တာမြင့်ထံမှ သိရသည်။
ဝတ်ရည် (ပြန်/ဆက်)