လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်
ကယားပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူ လူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦး၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲ နှင့် မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က လွိုင်ကော်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံး၌ ကျင်းပသည်။