ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေး နှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန် နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၉)နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​မြောက်ပိုင်းရပ်ကွက်၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးအပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပထမ(၃)လပတ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းကို ယ​န့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ​ တာဝန်ခံဦး​ကျော်သန့်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်/​ကျေးစာ​ရေးများ၊ ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများက အိမ်တိုင်ရာ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌​ ​ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ​ကျောင်းသားလူငယ်များ ​နွေရာသီ​ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်​စေရန် ကြက်​ခြေနီလှုပ်ရှားမှုနှင့် အ​ခြေခံ​ရှေးဦးသူနာပြုစုနည်း အတတ်ပညာကို ​လေ့လာတတ်​မြောက်နိုင်​စေရန် ရည်ရွယ်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်းကာ​ရှေးဦးပြုစုခြင်းအ​ခြေခံသင်တန်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​​​ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယ​နေ့နံနက်( ၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့​ကြောင်းသိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ဆုတောင်းပြည့်မြို့နာမ်စေတီတော်၌ သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ်ဆွမ်းဆန်တော်များ လောင်းလှူပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ်ဆွမ်းဆန်တော်များလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၁)ကြိမ်မြောက် စိန်ရောင်ခြည်စေတီတော်ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့မင်းကျောင်းတိုက် စိန်ရောင်ခြည်စေတီတော်ဝင်းအတွင်းတွင် (၃၁)ကြိမ်မြောက် စိန်ရောင်ခြည်စေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားယနေ့နံနက် ၈နာရီအချိန်၌ကျင်းပခဲ့သည်။
Subscribe to ကယားပြည်နယ်