ကယားပြည်နယ်

အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိအကြိမ် ​​​ကျေးရွာများသို့ ကွင်းဆင်းထိုးနှံ​ပေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ခဲမဖြူ​ကျေးရွာရှိ အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကြိုတင်ကာကွယ်​စေရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ​ကျေးရွာအ​ရောက် ကွင်းဆင်းထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့ နံနက် (၈) နာရီက ခဲမဖြူ​ကျေးရွာရှိ ​​ကျေးလက်​ဆေး​ပေးခန်း၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်း၍ ကျင်းပပြုလုပ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယ​နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ရာကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ယမန်‌နေ့က အထက(မယ်စဲ့) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် Community Centre ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​​တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​မန်နေ့ နံနက် (၉) နာရီ အချိန်က ဖား​ဆောင်းမြို့ ​​​​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော် တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်း ကင်ဆာ​ရောဂါ ကြိုတင်ကာကွယ်​စေရန် ရည်ရွယ်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းလုပ်ငန်းကို ယ​နေ့နံနက်(၈)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်