ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများဆက်လက်ထိုးနှံ​

ဖား​ဆောင်း ဇူလိုင် ၁၃

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာတွင် ​ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​နေ့နံနက် ၈ နာရီ အချိန်က အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို ဝမ်​​အောင်းကယား​ကျေးရွာ အ​ခြေခံပညာ​အလယ်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်သူနာပြု(၁)​ဒေါ်သက်သက်​ထွေးနှင့် ဝန်ထမ်းများက ​ကျောင်းသား၊​ ကျောင်းသူများကို ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ ဆေးမထိုးနှံ​ပေးမီ ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ ဆေးထိုးပြီးသူများ မိနစ်(၃၀)ခန့် နား​နေ​စောင့်ကြည့်ခြင်းများ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကာကွယ်​ဆေး ထိုးနှံ​ပေးခြင်းကို ဇွန်လပထမပတ်မှစ၍ ရက်အကန့်အသတ်မရှိ​ဆေးထိုးစုရပ်အလိုက် ထိုးနှံ​ပေးလျက်ရှိပြီး ထိုးနှံ​ပေးမည့်​ဆေး အမျိုးအစားမှာ Sinopharm ​ဆေးအမျိုးအစားဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်