လွိုင်ကော်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနား ကျင်းပ
၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။