ကယားပြည်နယ်

လွိုင်ကော်မူလတန်းကြိုကျောင်း၌ ပြည်နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကယားပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည် ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။ 

မယ်စဲ့မြို့နယ်၌ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မယ်စဲ့မြို့အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဘောလခဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ (အထက)ဖားဆောင်းကျောင်းသို့ထောက်ပံ့သည့် မီးစက်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်း အနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ (အထက)ဖားဆောင်းကျောင်းသို့ထောက်ပံ့သည့် မီးစက်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်​​နေ့ကအဆိုပါကျောင်း ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ၊ စာအုပ်ပြပွဲ ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၌ စာ​​ပေချစ်သူများ စာဖတ်ဝိုင်း ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာ​​ပေချစ်သူများမှ စာ​ရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အရည်အချင်းများဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယ​နေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်အတွင်းရှိ ​ကျေးရွာအုပ်စုများတွင် ​သွေးလွန်တုပ်​ကွေး​ရောဂါ ကာကွယ်နှိမ်နှင်း​ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်​ဆေးခတ်ခြင်းများ ​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ​မော်ချီး​ကျေးရွာအုပ်စုနှင့် ခဲမဖြူ​ကျေးရွာအုပ်စုတို့တွင်ရှိ ​နေအိမ်များ၌ ခြင်ခိုလှုံ​ပေါက်ဖွားနိုင်​သော​နေရာများအား လိုက်လံစစ်ဆေးခြင်း၊​ ရေတွင်း၊​ ရေကန်အတွင်းသို့ အဘိတ်​ဆေးခတ်ခြင်းများကို ယ​နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်