ရွှေကူမြို့နယ်၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအတွက် လုပ်ငန်းလမ်းညွှန်မှုဆိုင်ရာ သင်တန်းဖွင့်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအတွက် လုပ်ငန်းလမ်းညွှန်မှုဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။