မြစ်ကြီးနားမြို့အတွင်းရှိ အာမခံအလုပ်သမား (၃၀၀)ဦးတို့၏ သားသမီး(၄၀၀)ကျော်တို့အတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ အာမခံ အလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုး ခံစားခွင့်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ကြသည်။