ရွှေကူ ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအတွက် လုပ်ငန်းလမ်းညွှန်မှုဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံက ပြဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဲရုံးများတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာဝန်ထမ်းများက ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်အေမီဗိုလ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ မြို့နယ်အတွင်းရှိ မဲရုံ(၁၂)ရုံတွင် တာဝန်ထမ်း ဆောင်ကြမည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲကျင်းပစဉ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်အကြောင်းအရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အီလက်ထရောနစ်မဲပေးစက်များ ကိုင်တွယ်အသုံးပြုရာတွင် စစ်ဆေးဆောင်ရွက်ရမည့် အသေးစိတ် အကြောင်းအရာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေမီဗိုလ်နှင့် ဒေါ်ယွန်းယွန်းအိတို့က စာတွေ့၊ လက်တွေ့ဖြင့် အသေးစိတ်ဆွေးနွေးပို့ချသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းအား ဒီဇင်ဘာလ (၁၄) ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်