ကချင်ပြည်နယ်

မချမ်းဘော၌ ကမ္ဘာ့ဆရာများနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက မြတ်ဆရာခေါင်းစဥ်ဖြင့် လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲကို အလယ်တန်းအဆင်းကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့က ထာဝရအလင်းရှင်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ဆရာများနေ့အခမ်းအနား၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များပေးအပ်ပွဲကျင်းပ

ဟားခါးမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ဖွင့်လှစ်သည့်ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ အီးကေကိမ်းငဲင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မချမ်းဘောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံ၊ စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ(၂၁)ရက် နေ့လယ်ပိုင်းက မချမ်းဘောမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး စည်ပင်သာယာရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်ဇော်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ဉီးစီးမှူး ဉီးမျိုးမင်းဉီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အတူ စက်တင်ဘာ (၂၀)ရက်က မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်သည် စက်တင်ဘာ (၂၀)ရက်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ပူတာအိုမြို့အတွင်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

မြစ်ကြီးနားမြို့ (Community Centre) ၌ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများအတွက် အခမဲ့ ပန်းအလှဆင်သင်တန်းဖွင့်လှစ်ပေး

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများ မိသားစုအပိုဝင်ငွေ ရရှိစေရေးနှင့် ဌာနဆိုင်ရာ အခမ်းအနားများတွင် မွန်းမန်ပြင်ဆင်ပေးနိုင်ရေးအတွက် အခမဲ့ပန်းအလှဆင် သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ပေးခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ကျေးရွာစွန့်ပစ်အမှိုက် စီမံန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲပေးစက်စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စက်သုံးဆီများ စနစ်တကျဝယ်ယူဖြန့်ဖြူးနိုင်ရေး၊ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ကချင်ပြည်နယ်အတွင်း စက်သုံးဆီများ ဝယ်ယူဖြန့်ဖြုးရောင်းချရာတွင် ဝယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဝယ်ယူသုံးစွဲသူများကိုလည်း ဒေသတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းသတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) အဖွဲ့ဝင်များနှင့် ဆီလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူ များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်