မချမ်းဘောမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

မချမ်းဘော ဒီဇင်ဘာ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်ပြင်ပရောက်ရှိသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဂျွန်ရှင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ အသိသက်သေများရှေ့မှောက်တွင် ဖွင့်ဖောက်ရေတွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)