ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား ၂၀၂၅ ခုနှစ် တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဝန်ကြီးချုပ်ဖလားအမျိုးသား ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာအခမ်းအနားနှင့်ရိုးရာကောက်သစ်စားပွဲနှင့်လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲငန်းညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဒုတိယအကြိမ်အဖြစ် ဒေသတွင်းရှိ ပိုက်ကျော် ခြင်းအသင်းများ ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသား (၄) ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ  တက်ရောက်၍ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် သည်။

မိုးညှင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာဈေးနှင့် ရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင်ကျင်းပလျက်ရှိသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံ ပန္နက်တော်တင်အခမ်းအနား တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င၊ ၃၅ /၂စရှိ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ်ပန္နက်တော်တင်တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီကကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

မြစ်ကြီးနားမြို့၌ ပဥ္စမအကြိမ်မြောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် ဆက်လက်ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ပဉ္စမအကြိမ်မြောက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း ဒူဝါခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သောင်ဦးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသဘင်အခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အရှေ့လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ကြီး သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြည်ညိုပူဇော်ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ မြစ်ကြီးနားမြို့၌ ကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ် သည့် ကျပန်း၊ ပုံပြင်ပြောနှင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်