မိုးညှင်းမြို့နယ် မရင်းကုန်း-ဇီးဖြူကုန်း-ညောင်ကုန်းကျေးရွာချင်းဆက် မြေသားတာဘောင်တင်ခြင်းနှင့် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော မရင်းကုန်း-ဇီးဖြူကုန်း-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းအား မြေသား တာဘောင်တင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။